ကြက်ရင်ပုံပေါင်းချိုချဉ်

ကြက်ရင်ပုံသားအတုံးကို သကြားနဲ့ ပွတ်နယ်ပေးပြီး ခဏနပ်ထားပါ။ ပေါင်းထားတဲ့ ကြက်သားတွေ အဆင်သင့်ရှိနေရင် ဟင်းအမယ် အမျိုးမျိုး အလွယ်တကူ စီမံလို့ရတာကြောင့်  ကြက်သားကို လိုတာထက်ပို ပေါင်းထားပြီး ရေခဲသေတ္တာထဲမှာ  သိမ်းထားနိုင်ပါတယ်။

 

ပါဝင်ပစ္စည်းများ ( နှစ်ဦးစာ)

 

•    ကြက်ရင်ပုံသား ( ၃၀ဝ ဂရမ်)

 

•    ဂျင်း တစ်တက်( အခွံခွာပြီး ပါးပါးလှီးထားပါ။)

 

•    ဂျပန်ကြက်သွန်မြိတ် တစ်ပင် ( အစိမ်းရောင်အပိုင်းသာယူရန်)

 

•    မုန်လာဥအဖြူ ၁၅၀ ဂရမ်

 

•    သခွားသီးတစ်လုံး

 

လောင်းဆမ်းရည်အတွက် ပြင်ဆင်ထားရန်

 

•    ပဲငံပြာရည် စားပွဲဇွန်း (၁)ဇွန်း

 

•    ဆန်အရက်အမည်းရောင် စားပွဲဇွန်း (၁)ဇွန်း

 

•    နှမ်းဆီ စားပွဲဇွန်း (၁)ဇွန်း

 

•    ဂျပန်ကြက်သွန်မြိတ်  ၁၀ စင်တီမီတာ ( နုတ်နုတ်လှီးထားပါ။

 

 

ကြက်သားပေါင်းရန်အတွက်

 

•    ဆား စားပွဲဇွန်း (၁) ဇွန်း

 

•    သကြား စားပွဲဇွန်း (၁) ဇွန်း

 

•    ဆာကေး ၅၀ မီလီလီတာ

 

•    ရေ ၅၀ မီလီလီတာ

 

 

ချက်ပြုတ်ပုံ

 

၁။ ကြက်ရင်ပုံသားက အထူအပါးညီညီ ထက်ခြမ်းပိုင်းတုံးပါ။ အရေခွံကို မကြိုက်ရင် ဖယ်လိုက်လို့ ရပါတယ်။ ကြက်သားကို  သကြားထည့်နယ်ပြီး  အသားထဲ အရသာစိမ့်ဝင်သွားအောင်  ၁၅မိနစ်လောက် နှပ်ထားပါ။

 

၂။ ဒယ်အိုးထဲမှာ ကြက်သားတုံးလေးတွေထည့်ပြီး ဆာကေး၊ ရေ၊ ဆား၊ ဂျင်းနဲ့ ကြက်သွန်မြိတ်တို့ကို ထည့်ပါ။ မီးအပူချိန်ကို ၃၀ဝကနေ ၄၀ဝ အတွင်းထားပြီး  ဟင်းရည်ဆူလာတဲ့အထိ တည်ထားပါ။ ကြက်သားကို  အပေါ်အောက် တစ်ချက်တစ်ချက် လှန်ပေးပါ။ ၈ မိနစ်လောက်အထိ အဖုံးဖုံးထားပြီး ရေခန်းအောင်ထားပါ။ ရေခန်းသွားတဲ့အခါ မီးပိတ်ပြီး  အဖုံးကို ဆက်ဖုံးထားပါ။ ကြက်သားပေါင်း အတုံးတွေ ရပါပြီ။

 

၃။ မုန်လာဥနဲ့ သခွားသီးကို အခွံခွာဓား နဲ့  အလွှာပါးလေးတွေရအောင် လှီးပြီး လောင်းဆမ်းရည်အတွက် ပြင်ဆင်ထားတဲ့ အမယ်တွေထည့်ပါ။

 

၄။ ကြက်သားပေါင်း အတုံးတွေကို စားလို့လွယ်မယ့်အရွယ် အပိုင်းလေးတွေ တုံးပြီး ပန်းကန်ပြားထဲမှာ ထည့်ပါ။ သခွားသီးနဲ့ မုန်လာဥအချဉ်ကို အပေါ်ကနေ တင်ပေးပါ။

 

MDN

ကိုးကား>အန်အိတ်ချ်ကေ