ကချင်ပြည်နယ်နေ့အထိမ်း အမှတ်ကချင် ရိုးရာမနောပွဲ ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ကာမိုင်း  ၇  ဇန်နဝါရီ    

 

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကာမိုင်းမြို့တွင် မနောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မနောပွဲနေ့မတိုင်မီ ဇန်နဝါရီ (၈)ရက်တွင် ဧည့်သည်များ အစုံအလင်ရောက်ရှိရန်ဖြစ်ပြီး ဇန်နဝါရီ (၉)ရက်တွင် ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ ဆွတ်ငိုင်အိမ်တော်သစ်ဖွင့်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ ကချင်ရိုးရာမနောပွဲကို ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ(၁၀)ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ညဘက်တွင် တေးပဒေသာအစီအစဉ်များဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း၊ ဇန်နဝါရီ(၁၁)ရက်တွင် ဧည့်သည်များ မိမိရပ်ရွာများသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကာမိုင်းမြို့တွင်ကျင်းပမည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်၊ ကချင်ရိုးရာမနောပွဲကို ပါဝင်ဆင်နွှဲလိုပါက မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းရရှိပါသည်။

 

MDN