ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဥပဒေကြမ်း ပူးပေါင်းကော်မတီအဖွဲ့ မိုးကောင်းမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံ

မိုးကောင်း ၉ သြဂုတ်

 

ကချင်ပြည်နယ်လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့မှ မိုးကောင်းမြို့နယ် ပြည်သူလူထုနှင့် တွေ့ ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင် က အမှာစကားပြောကြားသည်။

 

 ဆက်လက်၍ ဥပဒေကြမ်းပူးပေါင်းမှု ကော်မတီဥက္ကဋ္ဌ ဦးချန်တန်ခင်က ကချင်ပြည်နယ်လွှတ်တော်၏ ဥပ ဒေပြုရေး၊ အပြန်အလှန်ထိန်းကျောင်းရေးဆိုင်ရာများကို လည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်က တိုင်းရင်းသားရေးရာဆိုင်ရာ ဥပဒေများကို လည်းကောင်း၊ ရှမ်းတိုင်း ရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဥပဒေကြမ်းပူးပေါင်းမှု  ကော်မတီ အတွင်းရေးမှူး ဦးဇော်မိုးနော်က ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် တွင်ပြဌာန်းပြီးသော ဥပဒေဆိုင်ရာများကို လည်းကောင်း အသီးသီးပြောကြားသည်။

 

 ထို့နောက် တက်ရောက်လာသူ ပြည်သူလူထုမှ ဆွေးနွေးမေးမြန်းချက်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

မိုးကောင်း( ပြန်/ဆက်)