ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၇ မေ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မူရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လီဆူနှစ်ခြင်း၊ မဒိန်၊ ခတ်ချို၊ နောင်ဟီး၊ မိုင်းနားကက်သလစ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ IDP စခန်း စုစုပေါင်း (၁၀) ခုသို့ သွားရောက်၍ Mask (၈၅၅၄)ခု၊ လက်ဆေးစင် (၁၀) ခု၊ အပူချိန်တိုင်းကိရိယာ (၂) ခု၊ Handspikes (၁၀)ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick (၁၀)ခုနှင့် ဗွီနိုင်း(၂)ချပ်တို့အား ထောက်ပံ့ခဲ့သည်။ 

 

ထို့အတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ  ဃောသိတာရုံကျောင်းတိုက်၊ ဗုဒ္ဓောမော်ကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရ ကျောင်းတိုက်၊ မဟာဇေယျသိန္ဒိပဌာန်းကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ အလိုတော်ပြည့် ကျောင်းတိုက်၊ မဟာဝိဇယကျောင်းတိုက်၊ ဆုတောင်းပြည့် ကျောင်းတိုက်၊ ဒက္ခေါင်းကျောင်းတိုက်၊ မဟာအောင်မြေဘုံ ကျောင်းတိုက်၊ တေဇာရာမကျောင်းတိုက်၊ သာသနာ့ဗိမ္မာန် ကျောင်းတိုက်၊ မဟာသိမဝံသ ကျောင်းတိုက်များရှိ ယာယီတိုက်ပွဲရှောင်စခန်း စုစုပေါင်း (၁၄)ခုသို့ သွားရောက်၍ Mask (၂၂၃၄)ခု၊ လက်ဆေးဆပ်ပြာ (၂၈၂)ဘူး၊ အပူချိန်တိုင်း ကိရိယာ(၁၄)ခု၊ Handspaker (၁၄)ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick(၁၄)ခု တို့အား ထောက်ပံ့ခဲ့သည်။ 

 

အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ရှိ  နမ့်ဖက်ကာနှစ်ခြင်း အသင်းတော်နှင့် နမ့်ဖက်ကာနယ်မြေ(၄) IDP စခန်း စုစုပေါင်း(၂)ခုသို့ သွားရောက်၍ စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်းဖြင့် စုစုပေါင်းထုံး(၂၀) တို့အားထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများ ကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်