ကချင်ပြည်နယ် ပန်နန်းဒင်မြို့၌ ၂၀၁၉ ခုနှစ်  မိုးရာသီကာလ သဘာ၀ဘေးအန္တရာယ်ကြောင့် စပါးသီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်

ပန်နန်းဒင်  ၂၈  ဇူလိုင်

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့၌ ၂၀၁၉ ခုနှစ် မိုးရာသီတွင် သဘာ၀ဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တောင်သူများအတွက် အရေးပေါ်ထောက်ပံ့ငွေပေးအပ်ပွဲကို ဇူလိုင် ၂၆ နံနက် ၁၀ နာရီက ပန်နန်းဒင်မြို့ ခါကာဘိုရာဇီခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ မြို့သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူးဦးညီညီအောင်က ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးညီညီအောင်နှင့် တာ၀န်ရှိသူများက ၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်း စပါးသီးနှံများပျက်စီးသွားသည့် ပန်နန်းဒင်မြို့ရှိ တောင်သူများ၏ တောင်ယာစိုက်စပါး (၁)ဧကလျှင် ကျပ်(၁၀၀၀၀)နှုန်း၊ ဖူးစားပြောင်း (၁)ဧက လျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် စုစုပေါင်း(၂၈)ဧကအတွက် ကျပ်နှစ်သိန်းရှစ်သောင်းကို တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

နောယော်ဘော်(ပြန်/ဆက်)