ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အာဟာရ

နေပြည်တော် ၂၉ မတ်

 

ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အစာပို၍ စားပါ။ ထမင်းနှင့်ဟင်း တစ်နပ်ပိုစားပါ။ အစားရှောင်ရန် လုံးဝမလိုပါ။ 

 

နို့တိုက်မိခင်သည် ငန်လွန်းသော အစာမှလွဲ၍ အစား(လုံးဝ) မရှောင်ရပါ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သော အာဟာရများ ပြည့်စုံကာ လုံလောက်သော ပမာဏရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင် ဘဝထက် ပိုစားရပါမည်။ အစာအုပ်စု (၃)မျိုးစလုံး ပါအောင် စားသောက်ရမည် ဖြစ်သည့်အပြင် ပမာဏအားဖြင့်လည်း ပိုစားရမည် ဖြစ်ပါသည်။

  

မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့မှုများ (ဥပမာ - နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ) ဖြစ်ခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ရှိကြောင်း စတင်သိရှိချိန်မှစ၍ သံဓာတ် (၆၀ မီလီဂရမ်)နှင့် ဖောလစ်အက်စစ် (၄၀ဝ မိုက်ခရိုဂရမ်)ဆေးပြား နေ့စဉ် သောက်ပါ။ 

 

 ကိုယ်ဝန် (၃)လ နောက်ပိုင်းတွင် သန်ချဆေးပြား (Mebendazole 500 mg) တစ်ကြိမ် သောက်သုံးရမည်။

  

ကိုယ်ဝန် (၉)လမှ စ၍ ကလေးမွေးဖွားပြီး (၃)လအထိ ဗီတာမင်ဘီဝမ်း ဆေးပြားကို သတ်မှတ်ထားသော ပမာဏအတိုင်း နေ့စဉ် သောက်သုံးရပါမည်။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။  

 

MDN