ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်း၌ ပြုလုပ်

ရန်ကုန် ၁၁  အောက်တိုဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် Exercise is Medicine လှုပ်ရှားမှုကို တစ်တိုင်ပြည်လုံးအတိုင်းအတာဖြင့် ပြည်သူလူထု တစ်ရပ်လုံး ကိုယ်လက်လှုပ်ရှားမှု့ကို ပါဝင်လာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌားန ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်က ပြောကြားသည်။

 

a

 

ယနေ့နံနက် ၉ နာရီက သန်လျင်မြို့ သီဟဒီပ အားကစားကွင်း၌ ကျင်းပပြုလုပ်သည့်  ရန်ကုန် တောင်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် သန်လျင်မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Exercise is Medicine ကျင်းပခဲ့ရာ သန်လျင်မြို့နယ် အထက်တန်းကျောင်း (၄) ကျောင်းတို့မှ ကျောင်းသူအင်အား ၁၀ဝဝ ကျော်တို့က အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ခိုင်ဇာဝေ အကအဖွဲ့နှင့်အတူ ကိုယ်လက်လှုပ်ရှား Exercise အား စုပေါင်းပြုလုပ်ကြပြီး  ပါဝင်လှုပ်ရှားကြသည့် အထက်တန်းကျောင်းများသို့  တောင်ပိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြအောင်မှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ တောင်ပိုင်းခရိုင် အားကစားအရာရှိများနှင့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

MDN