ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောမြို့ ဘောလုံးကွင်းအနီး ကွက်သစ်လမ်း ကွန်ကရစ်လမ်းခင်း

ဆော  ၂၁  စက်တင်ဘာ 


ဂန့်ဂေါခရိုင် ဆောမြို့ သီရိရပ်ကွက်မြောက်ပိုင်း ဘောလုံးကွင်းအနီးရှိ ကွက်သစ်လမ်းကို အများပြည်သူသွားလာမှုလွယ်ကူ အဆင်ပြေစေရေးအတွက် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောမြို့ သီရိရပ်ကွက် မြောက်ပိုင်းရပ်မှဆယ်စုမှူး ဦးမောင်ဟန်၊ ဦးနိုင်ဦး၊ ရပ်မိရပ်ဖ ဦးအောင်သိန်း တို့၏ ဦးဆောင်ကြီးကြပ်၍ ရပ်ကွက်လူထုထည့် ဝင်ငွေ၊ လုပ်အားတို့ဖြင့် လမ်းအရှည် ၆၅ ပေ၊ အကျယ် ၁၆ ပေ အမြင့် ၉ လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် စက်တင်ဘာ ၁၉ ရက်က စတင်ကာဆောင်ရွက်ခြင်း ဖြစ် ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN