ကျိုတိုမြို့တော်၌ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာနေရာ မီးလောင်မှုဖြစ်ပွား 

ကျိုတိုမြို့တော်ရှိ နာမည်ကျော် ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရာ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်တွင် တနင်္လာနေ့က မီးလောင်ကျွမ်းခဲ့ရာ အနီးပတ်ဝန်ကျင်ရှိ အဆောက်အအုံများလည်း မီးလောင်ကျွမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အဆိုပါ မီးသည် ဂီရှီခရိုင်  ဂီအွန် လမ်းမပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညနေ ၉ နာရီ ၁၅ မိနစ်အချိန်က လောင်ကျွမ်းခဲ့ပြီး သစ်သားဖြင့် ဆောက်လုပ်ထားသည့် ဂျပန်ရိုးရာအိမ်များကိုလည်း   မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။  သတင်းထုတ်ပြန်ချက်များအရ ထိခိုက်ဒဏ်ရာရရှိသူများ မရှိခဲ့ပေ။

 

mdn

 

ကမ္ဘာလှည့်ခရီးသည် အများအပြားသည်  ဂီရှီခရိုင်တွင် ထိုအချိန်က ရှိနေခဲ့ကြသည်။ အဆိုပါလမ်းကို သုံးနာရီကြာ မီးလောင်မှုကြောင့် ယာယီပိတ်ထားခဲ့သည်။ 

 

ဂျပန်စားသောက်ဆိုင်တစ်ဆိုင်သည် မီးခိုးများထွက်နေသည်ကို မြင်ခဲ့ကြောင်း အသက်၂၀နှစ်အရွယ် ဆိုင်နီးချင်း ဆူရှီဆိုင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီးက ပြောကြားခဲ့သည်။ 

 

ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်