ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ ကမ္ဘာ့နာမည်ကြီးများ

၆ အောက်တိုဘာ

 

ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဟာ ပြီးခဲ့နှစ်ကုန်ပိုင်းကစပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တွေ၊ မင်းစိုးရာဇာအသိုင်းအဝိုင်း၊ နာမည်ကျော် အားကစားသမားတွေနဲ့ အနုပညာရှင်တွေအပြင် ဆင်းရဲချမ်းသာမရွေး လူတန်းစားပေါင်းစုံ ပါဝင်တာကို တွေပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နာမည်ကြီးအချို့ကတော့

 

ဒေါ်နယ်ထရမ့်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အေက်တိုဘာ ၂ ရက် သောကြာနေ့က ကြေညာလိုက်ပါတယ်။ အသက် ၇၄ နှစ်အရွယ် သမ္မတ ထရမ့်နဲ့ အသက်၅၀ အရွယ် သမ္မတကတော်တို့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်။

 

သမ္မတ ထရမ့်ဟာ ဝါရှင်တန် မြို့အပြင်ရှိ ဝါတားရီဒ် စစ်ဆေးရုံမှာ ဆေးကုသခံယူပေမယ့် သမ္မတကတော်ကတော့ အိမ်ဖြူတော်မှာဘဲ ဆေးကုသခံယူနေပါတယ်။

 

အောက်တိုဘာ ၆ ရက်မှာတော့ သမ္မတ ထရမ့် ဟာ ဆေးရုံမှဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်နေပြီလို့သိရပါတယ်။

 

ဆီဗီအို ဘာလတ်စ်စကိုနီ

 

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီဗီအို ဘာလတ်စ်စကိုနီမှာ ပြီးခဲ့တဲ့လက  ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ ဆာဒီးနီးယားရှိ သူ့ရဲ့ ဇိမ်ခံအိမ်ကနေ နွေရာသီခရီးက အပြန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့တာဖြစ်ပါတယ်။

အသက် ၈၄ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်ကြီးက  မီလန်ရှိ ဆေးရုံတစ်ရုံကို စက်တင်ဘာ ၃ ရက်နေ့က တက်ရောက်ကုသခံယူခဲ့ပြီး စက်တင်ဘာ ၄ ရက်မှာ နေအိမ်ကို ပြန်ရောက်ခဲ့ပါတယ်။

 

ယူစိန်းဘော့လ်

ဂျာမေကာနိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ ယူစိန်းဘော့လ်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိ တယ်လို့ သံသယယ ရှိတဲ့အတွက် သီတင်းနှစ်ပတ် သီးသန့် စောင့်ကြည့်မှုအောက်မှာ နေထိုင်ကြောင်း နဲ့ ဗိုင်းရပ်စ်ပိုး စစ်ဆေးထားကြောင်း ဩဂုတ် ၂၄ ရက်နေ့က ကြေညာလိုက်ပြီး နှစ်ရက်အကြာမှာ သူ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိပေမယ့် ကမ္ဘာ့အပြေးချန်ပီယံမှာ ရောဂါလက္ခဏာ မတွေ့ရှိကြောင်း ပြောပါတယ်။

နေမာ

ဘရာဇီး နိုင်ငံလက်ရွေးစဉ်ဘောလုံးသမား နေမာနဲ့အတူ PSG ဘောလုံးအသင်းမှ ဘောလုံးသမား ၇ ဦးဟာ နွေရာသီပိတ်ရက်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါတယ်။

 

ရာအိုနီ မက်တူတိုင်း

ဘရာဇီးနိုင်ငံက အမေဇုန်မိုးသစ်တော ကာကွယ်ရေးသမား ဌာနေတိုင်းရင်းသားခေါင်းဆောင် မက်တူတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အတွက် စက်တင်ဘာ ၄ ရက်နေ့မှာ ဆေးရုံမှာ ကုသမှု ခံယူခဲ့ကြောင်း သိရပါတယ်။

 

ဒွန်းဂျွန်ဆင်

 

နာမည်ကြီး သရုပ်ဆောင် ကမ္ဘာမှာဝင်ငွေအကောင်းဆုံးသူ  ဂျွန်ဆင်က စက်တင်ဘာ ၃ ရက်နေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ကြေညာလိုက်ပြီး အင်စတီဂရမ်ရှိ သူပရိတ်သတ် ၁၉၆ သန်းကို မျက်နှာဖုံးဝတ်ဆင်ဖို့နဲ့ ကမ္ဘာ့ကပ်ရောဂါပိုးကို နိုင်ငံရေးအဖြစ်မလုပ်ဖို့ ပြောကြားလိုက်ပါတယ်။

 

 

အစောပိုင်းရက်တွေအတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ

၁) ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်

၂) တင်းနစ်ချန်ပီယံ ဂျိုကိုဗစ်

၃) မာရီနာ ဖိန့်ဖူး  - ၁၉၆၀ ခုနှစ်များက အောင်မြင်ကျော်ကြားတဲ့ အသက် ၇၃ နှစ်အရွယ် သီချင်ရေးဆရာမ

၄) ဗြိတိန်တော်ဝင်မင်းသာ ချားလ်

၅) အော်စကာဆုရှင် ရုပ်ရှင်မင်းသား တွမ် ဟန့်ခ်

 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့သူများ

၁) အာဖရိုဂျက်ဇ်တေးဂီတပညာရှင် အသက် ၈၆ နှစ်အရွယ် မန်နူ ဒီဘန်ဂို ဟာ မတ် ၂၄ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။

၂) အမေရိကန် ဇာတ်ညွှန်ရေးဆရာ တာရန့်စ် မက်နယ်လီ အသက် ၈၁ နှစ် ဟာ မတ် ၂၄ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။

၃) အသက် ၆၈ နှစ်အရွယ် ပြင်သစ်ဘောလုံး မာဆေး ကလပ်အသင်း ဉက္ကဌ  မတ်လ ၃၁ ရက် တွင် ကွယ်လွန်

၄) အသက် ၈၅ နှစ်အရွယ် ဂျက်ဇ်တေးဂီတပညာရှင် အယ်လီမာဆေးလ် ဧပြီ ၁

၅) အသက် ၇၀ အရွယ် နာမည်ကျော် စာရေးဆရာ လူးဝစ် ဆပ်ပူလ်ဗီဒါ ဧပြီ ၁၆

၆) အသက် ၉၀ အရွယ် အမေရိကန် ဂျက် saxophone ပညရှင် လီကိုနစ်ဇ် ဧပြီ ၁၇

၇) အသက် ၆၅ နှစ်အရွယ် အမေဇုန် မိုးသစ်တော ကာကွယ်ရေးသမား၊ ဌာနေတိုင်းရင်းသားခေါင်း ပိုင်အာခန် ဇွန် ၁၇

၈) ကမ္ဘာကျော်ကန်ဇို တံဆိပ် ရေမွှေး၊အလှကုန်ပစ္စည်းနဲ့ အဝတ်အထည် ထုတ်လုပ်ရေး တည်ထောင်သူ အသက် ၈၁ နှစ်အရွယ် ဂျပန်ဒီဇိုင်းပညာရှင် ကန်ဇို တာကာဒါ ဟာ အောက်တိုဘာ ၄ ရက်

 

 

 

 

MDN

ကိုးကား- AFP