ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပိတ်ထားရာမှ UNESCO အသိအမှတ်ပြု မာချူးပီချူး ကို ပြန်လည်ဖွင့်လှစ်

၂ နိုဝင်ဘာ

 

ပီရူးနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ နေရာဖြစ်တဲ့ မာချူးပီချူး ကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ကိုထိန်းချုပ်ရန် ရှစ်လ နီးပါးအကြာ ပိတ်ထားခဲ့ရာမှ တနင်္ဂနွေနေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းအရ UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေနှစ်နေရာကို တစ်နေ့လျှင် လူပေါင်း ၆၇၅ ဦးသာ ဝင်ရောက်သွားလာခွင့်ရမယ်လို့ သိရပါတယ်။

 

ပီရူးနိုင်ငံခြားကုန်သွယ်ရေးနဲ့ ခရီးသွားဝန်ကြီးက မာချူးပီချူးဟာ ကျန်းမာရေးဆိုင်ရာ လုံခြုံမှု ရှိတဲ့နေရာအဖြစ်နဲ့ ပြန်လည်ဖွင့်လှစ်တာဖြစ်ကြောင်း ပြောပါတယ်။

 

ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရတဲ့ မာချူးပီးချူးနဲ့ ဆက်နွှယ်ပြီး ဒေသအတွင်းရှိ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ခရီးသွားလုပ်ငန်းနဲ့ဆက်နွှယ်ရာ လုပ်ငန်းတွေဟာ ဒေဝါလီခံရတဲ့အထိ ဖြစ်တာကို တွေ့ရပါတယ်။

 

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေ အရေအတွက်ဟာ ဆက်လက် တိုးနေတာကို တွေ့ရပါတယ်။ ခရီးသွားတွေကို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးကို ဆော်ဩနေပါတယ်။

 

 

၁၅ ရာစုနှစ် လက်ရာတွေ တည်ရာ မာချူးပီချူးကို ၁၉၈၁ ခုနှစ်တွင် ပီရူးသမိုင်းဝင်ဘေးမဲ့တောအဖြစ် ကြေညာခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခဲ့သည်။

 

မာချူးပီချူး ပြန်လည်ဖွင့်လှစ်တဲ့နေ့မှာ ပီရူးနိုင်ငံ၌ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂,၄၀၈ ဦး နဲ့ သေဆုံးသူ ၅၃ ဦးရှိရာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၉၀၄,၉၁၁ ဦးနဲ့ သေဆုံးသူ ၃၄,၅၂၉ ဦးရှိကြောင်း တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP