ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၃ ရှိပြီး နိုင်ငံပေါင်း ၂၀ ကျော်မှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိ 

၆ ဖေဖော်ဝါရီ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၆၃ ဦး ရှိပြီး ရောဂါကူးစက်ခံစားနေရသူ ၂၈,၀၁၈ ဦးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် အပြင်းအထန်ဆုံးခံစားရတဲ့ ဟူဘေပြည်နယ်မှာ ၂၄ နာရီအတွင်း သေဆုံးသူ ၇၀ ဦးရှိကြောင်း ဖေဖော်ဝါရီ ၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။  

 

001

 

ဟူဘေပြည်နယ်မှာဘဲ ၂၄ နာရီအတွင်းမှာ ရောဂါပိုးကူးစက်ခံရသူ အသစ် ၂,၉၈၇ ဦးရှိကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ယနေ့အချိန်အထိ ကူးစက်ရောဂါပိုးကို ကုသပျောက်ကင်းသူ ၁,၁၅၃ ဦး ရှိလို့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

0017

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို နိုင်ငံပေါင်း ၂၄ နိုင်ငံ နဲ့ နေရာဒေသ ၃ ခုမှာ တွေ့ရှိလာကြောင်း သိရပါတယ်။ 

1)    ဂျပန်နိုင်ငံ-  ၄၅ ဦး
2)    စင်ကာပူနိုင်ငံ - ၂၈ ဦး
3)    ထိုင်းနိုင်ငံ- ၂၅ ဦး
4)    ဟောင်ကောင် - ၂၁ ဦး  (သေဆုံး ၁ဦး အပါအဝင်)
5)    တောင်ကိုရီးယား နိုင်ငံ- ၂၃ဦး 
6)    သြစတြေးလျနိုင်ငံ - ၁၄ ဦး
7)    မလေးရှားနိုင်ငံ - ၁၂ ဦး
8)    ထိုင်ဝမ် - ၁၁ ဦး
9)    ဗီယက်နမ်နိုင်ငံ-  ၁၀ ဦး
10)    မကာအို - ၁၀ ဦး
11)    အိန္ဒိယနိုင်ငံ - ၃ ဦး 
12)    ဖိလစ်ပိုင်နိုင်ငံ - ၃ဦး (သေဆုံး ၁ဦး အပါအဝင်)
13)    နီပေါနိုင်ငံ - ၁ဦး
14)    သီရိလင်္ကာနိုင်ငံ - ၁ ဦး
15)    ကမ္ဘောဒီးယား နိုင်ငံ - ၁ ဦး
16)    အမေရိကန်နိုင်ငံ - ၁၂ ဦး
17)    ကနေဒါနိုင်ငံ - ၅ ဦး
18)    ဂျာမနီနိုင်ငံ - ၁၂ ဦး
19)    ပြင်သစ်နိုင်ငံ - ၆ ဦး
20)    ဗြိတိန်နိုင်ငံ - ၂ ဦး
21)    အီတလီနိုင်ငံ - ၂ဦး
22)    ရုရှားနိုင်ငံ - ၂ ဦး
23)    ဖင်လန်နိုင်ငံ - ၁ ဦး
24)    စပိန်နိုင်ငံ- ၁ ဦး
25)    ဆွီဒင်နိုင်ငံ - ၁ ဦး
26)    ဘယ်လဂျီယံနိုင်ငံ - ၁ ဦး
27)    ယူအေအီးနိုင်ငံ - ၅ ဦး

MDN
ကိုးကား -AFP