ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်း ပိုးသတ်ဆေးဖျန်း

လွိုင်လင် ၉ ဧပြီ

 

လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် လွိုင်လင်မြို့နယ် ရပ်ကွက်အသီးသီးရှိ ပရဟိတအသင်းများမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များသည် မြို့အဝင်/အထွက် စစ်ဆေးရေး စခန်းများတွင်လည်းကောင်း၊ အသွားအလာ ကန့်သတ်စောင့်ကြည့်မည့် Facility Quarantine နေရာများတွင် လည်းကောင်း၊ ပြည်သူအသိပညာပေး ဆော်ဪရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ယနေ့ မွန်းလွဲ ၁ နာရီက   လွိုင်လင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဗုဒ္ဓဟူးဆွမ်းလောင်းအသင်း လူငယ်များက ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များအား ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးကြောင်း သိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)