ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးနဲ့ ကြောက်စရာကောင်းတဲ့ တခြားကပ်ရောဂါများ

၂၅ စက်တင်ဘာ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁ သန်းကျော် ရှိတဲ့အတွက် တခြားသော ခေတ်ပေါ် ဗိုင်းရပ်စ် ရောဂါပိုးတွေထက် သေဆုံးမှု များပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် သေဆုံးသူတွေထက် အင်မတန် နည်းသေးကြောင်း သိရပါတယ်။

 

 

၂၁ ရာစုမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ရောဂါပိုးများ

 

 

ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါပိုးဟာ ၂၁ ရာစုမှ သေဆုံးမှု အများဆုံး ဗိုင်းရပ်စ်ပိုး ဖြစ်လာပါတယ်။

 

 

၂၀၀၉ ခုနှစ်က ဖြစ်ခဲ့ H1N1 ကြက်ငှက်တုပ်ကွေး သို့မဟုတ် swine flu ဝက်တုပ်ကွေးကြောင့် သေဆုံးသူဟာ ၁၈,၅၀၀  ရှိပါတယ်။ The Lancet ကျန်းမာရေး ဂျာနယ်မှာတော့ သေဆုံးသူဟာ ၁၅၁,၇၀၀ နဲ့ ၅၇၅,၄၀၀ ကြားမှာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

 

၂၀၀၂-၂၀၀၃ ခုနှစ်မှာ တရုတ်နိုင်ငံက စတင်ဖြစ်ခဲ့တဲ့ ဆားစ် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇၇၄ ဦး ရှိကြောင်း သိရပါတယ်။

 

 

တုပ်ကွေးကပ်ရောဂါများ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကို ကြောက်စရာကောင်းတဲ့ ရာသီတုပ်ကွေး အဖြစ် နှိုင်းယှဉ်မှု မကြာခဏ ပြုလုပ်ပါတယ်။  ရာသီတုပ်ကွေးကြောင့် ကမ္ဘာတစ်ဝန်းမှာ  သေဆုံး ၆၅၀,၀၀၀ အထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

 

၂၀ ရာစုမှာဖြစ်ပွားတဲ့  အာရှတုပ်ကွေး (၁၉၅၇-၁၉၅၈) နဲ့ ဟောင်ကောင်တုပ်ကွေး  (၁၉၆၈-၁၉၇၀) တို့ကြောင့် တုပ်ကွေးတစ်ခုစီမှာ လူပေါင်း တစ်သန်း နီးပါး သေဆုံးခဲ့ကြောင်း တုပ်ကွေးဖြစ်ပြီးချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

၁၉၁၈-၁၉၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် လူပေါင်း သန်း ၅၀ လောက် သေဆုံးခဲ့ကြောင်း ၂၀၀၀ ခုနှှစ်များ အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနတွေအရ သိရပါတယ်။

 

 

အပူပိုင်း ဗိုင်းရပ်စ်ရောဂါပိုးများ

 

 

၁၉၇၆ ခုနှစ်မှာ ပထမဦးဆုံး တွေ့ရှိခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး နဲ့ ၂၀၁၈-၂၀၂၀ အတွင်းမှာ ဖြစ်ခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ထက် များစွာ နည်းတာကို တွေ့ရပါတယ်။ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ၂,၃၀၀ သာ ရှိပါတယ်။ အာဖရိကမှာ နှစ်ပေါင်း ၄၀ အတွင်း အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၅,၀၀၀ နီးပါးရှိပါတယ်။

 

 

အီဘိုလာပိုးဟာ ကိုရိုနာ ဗိုင်းရပ်စ်ထက် သေဆုံးမှု များနိုင်တဲ့ ပိုးဖြစ်ပါတယ်။ ပိုးကူးစက်သူဟာ ၅၀ ရာခိုင်နှုန်း သေဆုံးပြီးနောက် သေဆုံးနိုင်မှု ၉၀ ရာခိုင်နှုန်း  မြင့်တက်သွားပါတယ်။

 

 

အီဘိုလာပိုးဟာ လေကနေ တစ်ဆင့် ကူးစက်တက်သော ဗိုင်းရပ်စ်ပိုး ဖြစ်ပေမယ့် ပိုးရှိသူနဲ့ တိုက်ရိုက် သို့မဟုတ် အနီးကပ်သူသာ ကူးစက်နိုင်ကြောင်း သိရပါတယ်။

 

 

ငှက်ဖျားရောဂါဟာလည်း သေဆုံးစေနိုင်တဲ့ ပိုးဖြစ်ပေမယ့် သေဆုံးနှုန် နည်းပါးတာကို တွေ့ရပါတယ်။ ငှက်ဖျားရောဂါပိုးကြောင့် နှစ်စဉ် သေဆုံးသူ ထောင်ဂဏန်း ရှိနေတာကို တွေ့ရပါတယ်။

 

 

တခြားကပ်ရောဂါများ

 

 

အေအိုင်ဒီအက်စ် AIDS ဟာ ခေတ်သစ် ကပ်ရောဂါတွေထဲမှာ သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ AIDS ကြောင့် သေဆုံးသူ ၃၃ သန်း နီးပါးရှိပါတယ်။ ၁၉၈၁ ခုနှစ်က AIDS ရောဂါပိုးကို စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ကိုယ်ခံအားကို ထိခိုက်စေတဲ့ ရောဂါပိုး ဖြစ်ပါတယ်။ ကိုယ်ခံအား ကျဆင်းမှုကို ရပ်ဆိုင်းအောင် လုပ်ဆောင်နိုင်တဲ့ ကုသမှုကြောင့် ၂၀၀၄ ခုနှစ်မှာ သေဆုံးသူ ၁.၇ သန်း ရှိပေမယ့် ၂၀၀၉ ခုနှစ်မှာ ၆၉၀,၀၀၀ သာရှိကြောင်း UNAIDS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အသည်းယောင်အသားဝါ B နဲ့ C ဗိုင်းရပ်စ်ပိုးများကြောင့် နှစ်စဉ်သေဆုံးသူဟာ ၁.၃ သန်းရှိကြောင်း၊ အများစုဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်များတွင် ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP