ကိုရီးယားခရေဇီတွေအတွက် ‘Korean Taste’ ကိုရီးယားဆိုင်လေး စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ရှိတယ်….

ကိုရီးယားအစားအစာကြိုက်တဲ့ အိုပါးတွေ၊ အိုပါးရဲ့ခေးလေးတွေအတွက် စံရိပ်ငြိမ်ဂမုန်းပွင့်အပေါ်ဆုံးက ‘Korean Taste’ ဆိုတဲ့ဆိုင်လေးအကြောင်းပြောပြပေးမယ်။ ကိုရီးယားကားတွေခေတ်စားလာတာနဲ့ တပြိုင်နက် ကိုရီးယားအစားအစာတွေလည်းလူသိများလာတယ်။ အဲ့လိုပဲ ကိုရီးယားဆိုင်တွေလည်းများလာတယ်။ အဲ့ဒီ့ထဲကမှ ‘Korean Taste’ ဆိုတာဘယ်လိုမျိုးလေးလဲ ?

 

 

 

ဒီဆိုင်လေးက လူငယ်ဆန်ဆန်ပုံစံလေးပဲ။ လာထိုင်တာလည်း လူငယ်တွေများသလို၊ ဈေးဝယ်ထွက်ကြရင်း မိသားစုလိုက်လာစားကြတာလဲတွေ့ခဲ့ရတယ်။ ဆိုင်လေးကလည်း အပြင်ဘက်မှာထိုင်လို့ရသလို အတွင်းပိုင်းမှာလည်း အေးအေးဆေးဆေးထိုင်လို့ရတယ်။ ဆိုင်ထဲမှာလည်း ကိုရီးယားသီချင်းလေးတွေဖွင့်ထား တော့ ကိုရီးယားခရေဇီတွေအတွက်တော့ အဖိုင်းပဲနော့….။

 

 

 

ဒီမှာ ကင်ချီထမင်းသုပ်၊ ထမင်းကြော်၊ ကင်ချီဟင်းရည်၊ ခေါက်ဆွဲအအေးသုပ်၊ ကိုရီးယားထမင်းသုပ်၊ တော့ပူကီ၊ ငါးအသားပြား။ ဒါနဲ့ ထူးဆန်းတဲ့မီနူးလေးတစ်ခုက ‘Seaweed Salad’ ကယ်လိုရီလုံးဝမပါလို့ ဝိတ်ချနေတဲ့သူတွေ ဒါလေးစားခဲ့ပါ…။ အဲ့ဒါတွေအပြင် အခြားကိုရီးယားအစားအစာတွေလည်းရသေးတယ်။


(((အက်မင်တို့သူငယ်ချင်းတစ်သိုက် စားခဲ့တာတွေကို ပုံအောက်မှာသေချာရေးပေးထားတယ်နော်)) ❤ ❤ ❤

 

 

 

 

 

ဒီတစ်ခေါက်ကတော့အက်မင့်ရဲ့သူငယ်ချင်းတွေဆွယ်လို့ ဒီကိုရီးယားဆိုင်လေးရောက်ခဲ့တာ။ သူတို့က ဒါတွေသိပ်ကြိုက်တော့အများကြီးတွေလျှောက်မှာတယ်။ အမှန်ကတော့တစ်ပွဲကိုဆိုရင် နှစ်ယောက်လောက် က အနည်းဆုံးစားလို့ရတယ်။ အက်မင်တို့တော့ဒါတွေအားလုံးကိုလေးယောက် မနည်းကုန်အောင်စားခဲ့ရတယ်။ ဘော်ဒါတွေမှာရင်တော့နည်းနည်းကြည့်ကြပ်ပြီးမှာပေါ့ဗျာ။ အာ့ဆိုပိုက်ဆံလည်းသိပ်မကုန်တော့ဘူးလေနော့။ ဟင်းပွဲဈေးနှုန်းတွေကတော့ပုံမှန်ပါပဲ။ အက်မင်တို့အပြင်မှာစားမယ်ဆို ကုန်သလောက်ပါပဲ။

 

 

 

 

ဒီဆိုင်လေးကတော့ မနက်(၉)နာရီထဲကစဖွင့်တယ်။ စံရိပ်ငြိမ်ဂမုန်းပွင့် အပေါ်ဆုံးထပ်မှာရှိတယ်။ ဓါတ်လှေကား အပေါက်ကနေထွက်လာရင်ဘယ်ဘက်ကိုချိုး။ တည့်တည့်လျှောက်လာ။ အဲ့ဒီမှာ ရွှေကောင်းကိုတွေ့လိမ့်မယ်။ အဲ့ဒီဘေးမှာ Korean Taste ရှိတယ်။ တစ်ခုခုဆို 09-452324115, 09-452324116 အဲ့ဒီဖုန်းတွေကိုဆက်လို့ရတယ်။


ဒီတစ်ခေါက်ကတော့ ကိုရီးယားအစားအစာကြိုက်တဲ့ခေးလေးတွေအတွက် ဒီဆိုင်လေးအကြောင်းကို ပြောပြပေးခဲ့ပြီနော်။ 
Honey (MyLann)