ကြို့ပင်ကောက်မြို့တွင် နှလုံးလှပညာဒါနကျောင်း ဖွင့်လှစ် သင်ကြားလျှက်ရှိ

ကြို့ပင်ကောက် ၂၂  ဇွန်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဈေးချိုတောင်ရပ်ကွက် အရှေ့မြို့ပတ်လမ်းရှိ သောဘဏာရုံ ဘုန်းတော်ကြီးကျောင်းတွင် နှလုံးလှပညာဒါနကျောင်းကို ယခုလ ၁၈ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း သိရသည်။

 

အဆိုပါနှလုံးလှပညာဒါနကျောင်းကို သောဘဏာရုံဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ရှင်ပါမောက္ခနှင့် ကြီးကြပ်သူ(၇)ဦးတို့မှ ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၂၇ ဦးကို ပညာသင်ကြားပို့ချသူ ဆရာ၊ဆရာမ(၂၄)ဦးဖြင့် သင်ကြားပေးလျှက် ရှိသည်။

 

နှလုံးလှပညာဒါနကျောင်းတွင် ပညာသင်ကြားသူ ကျောင်းသား၊ကျောင်းသူများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အနည်းဆုံး တစ်နှစ်ကျရှုံးပြီးသူများသာ သင်ကြားပေးလျှက်ရှိရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၃၆ ဒသမ ၃၆ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)