ကြို့ပင်ကောက်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်လှုပ်ရှားမှုဆောင်ရွက်

ကြို့ပင်ကောက် ၁၀  စက်တင်ဘာ 

 

ကလေးငယ်များ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ကျွဲဘိကျေးရွာ အမက ကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်လှုပ်ရှားမှုတွင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံပြကာတွန်းစာအုပ်များဖြင့် ပုံပြင်ပြောခြင်း၊ စိတ်ထားကောင်းများမွေးမြူပြီး ရပ်ရွာအကျိုးပြု လူငယ်များဖြစ်လာစေရန် ပညာပေးဘုတ်ပြားပြဇာတ် ပြသခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ ကျောင်းပြင်ပ သုတရသ ပုံပြကာတွန်း ၉၉၉ အုပ်အား ကျောင်းသား ကျောင်းသူများအား စိတ်တိုင်းကျ လွတ်လပ်စွာ ယူ၍ဖတ်ရှုစေခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

 

ကလေးစာပေစာအုပ် ၁၁၀ ပါသော စာအုပ်ပုံးအား ကျွဲဘိကျေးရွာ အမကကျောင်းတွင် ကျောင်းသားကျောင်းသူ ၃၁ ဦးတို့မှ အချိန်ယူဖတ်ရှုနိုင်ရန် ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်ထံ တစ်လကြာ အခမဲ့ ငှားရမ်းခဲ့ကြောင်း သိရသည်။ 

 

ဇေယျာထွန်း(ကြို့ပင်ကောက်)