ကြို့ပင်ကောက် ၂၇ မေ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ရှိ စိုက်ပျိုးရေးသုံး မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး အရောင်းဆိုင် များအား ယမန်နေ့က ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြေဩဇာများ ရောင်းချရာတွင် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ မရှိ၊ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ရောင်းချမှုလိုင်စင်ရှိ မရှိ၊ ပိုးသတ်ဆေးအတုများ၊ ရက်လွန်ပိုးသတ်ဆေးများနှင့် ခွင့်ပြုချက် မရှိသော ပိုးသတ်ဆေးများ ရောင်းချခြင်းရှိ မရှိတို့ကို ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးနှင့် မြေ၊ မျိုး၊ ပိုး သက်ဆိုင်ရာ တာဝန်ခံများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


