ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက်  ၁၅   နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရေသန့်ထုတ်လုပ်ရောင်းချလျှက်ရှိသော ရွာသာကုန်းကျေးရွာရှိ GBK သောက်ရေသန့်စက်ရုံးနှင့် ကျွန်းကုန်းကြီးကျေးရွာရှိ လက်ရွေးစင် သောက်ရေသန့်စက်ရုံတို့သို့ နိုဝင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်း၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်က ကျွန်မတို့ကထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအပိုင်းနဲ့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၁၉ ဥပဒေမှာပါရှိတဲ့ ကုန်အညွှန်းအမှတ်အသားပါရှိရမယ်ဆိုတဲ့ အချက်အလက်လေးတွေကို လုပ်ငန်းရှင်များ သိရှိအောင် ပညာပေးဆောင်ရွက်ရတာပါ ဒီနေ့စစ်ဆေးခဲ့တဲ့ GBK ရေသန့်နဲ့ လက်ရွေးစင်ရေသန့်စက်ရုံတွေမှာ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပါတယ် သန့်ရှင်းရေးကိုအဓိကထားပြီး ထုတ်လုပ်ဖို့အသိပညာပေး ပြောကြားခဲ့ပါတယ် ဟုပြောကြားသည်။

 

လက်ရွေးစင်သောက်ရေသန့်စက်ရုံမှ သောက်ရေသန့် လီတာ ၂၀ ဆံ့ဘူးကြီးများကိုသာ  ထုတ်လုပ်လျှက်ရှိကြောင်း  သောက်ရေသန့်ဘူးတွေ ထားသိုပုံနည်းစနစ်တေွကို လာရောက်အသိပညာ ပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်း စက်ရုံပိုင်ရှင် ဦးအောင်မျိုးဦးက ပြောကြားသည်။

 

ကြို့ပင်ကောက်မြို့တွင် သောက်ရေသန့်ထုတ်လုပ်ရောင်းချလျှက်ရှိသော ရေသန့်စက်ရုံ ၄ ရုံရှိပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေနဲ့ အနီးပတ်ဝန်းကျင်မြို့နယ်တွေကို ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးလျှက် ရှိကြောင်း သတင်းရရှိသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)