ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် (အခမဲ့) စမ်းသပ်ရှာဖွေကုသခြင်း ဖွင့်ပွဲ ပြုလုပ်

ကျိုင်းတုံ  ၂၁    စက်တင်ဘာ


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် လေးကျွန်းသူဖောင်ဒေးရှင်းမှ ကူညီပံ့ပိုးသော သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် (အခမဲ့) စမ်းသပ်ရှာဖွေကုသခြင်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၈ နာရီက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

 


ထိုသို့ဖွင့်လှစ်ရာတွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏(ဇနီး) ဒေါ်နန်းရွှေမြင့်၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်ကျော်နှင့် လေးကျွန်းသူ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

 

ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် (အခမဲ့) စမ်းသပ်ရှာဖွေကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒေါ်နန်းရွှေမြင့်က အဖွင့်အမှာစကားပြောကြားပြီး လေးကျွန်းသူ ဖောင်ဒေးရှင်း အဖွဲ့အား ဂုတ်ပြုမှတ်တမ်းလွှာပေးအပ်ရာ  တာဝန်ရှိသူများက လက်ခံရယူသည်။

 


ယင်းနောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၏(ဇနီး) ဒေါ်ယဉ်လှိုင်ဝင်းက အလှူရှင်များကိုယ်စား အလှူငွေများပေးအပ်ရာ ဒေါ်နန်းရွှေမြင့်က လက်ခံရယူပြီး ဂုတ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်သည်။

 

ထို့နောက် ကျိုင်းတုံမြို့ဒေသခံ အာခါတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏(ဇနီး) ဒေါ်နန်းရွှေမြင့်၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်ကျော်နှင့် လေးကျွန်းသူ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် (အခမဲ့) စမ်းသပ်ရှာဖွေကုသခြင်းခံယူမည့် ဒေသခံပြည်သူများကို လိုက်လံအားပေးနှုတ်ဆက်ကြသည်။

 


သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် (အခမဲ့) စမ်းသပ်ရှာဖွေကုသခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျှက်ရှိရာ စမ်းသပ်ရှာဖွေကုသမည့်သူ သုံးထောင်ကျော်ရှိပြီး ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီး၌  စက်တင်ဘာ ၂၁၊၂၂ရက်တို့အပြင် ကျန်ရှိနေသူများအား အချိန်ကာလ သတ်မှတ်ပေးပြီး ဆက်လက် စမ်းသပ်ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN