ကျိုင်းတုံမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်က ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ သံလွင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်က အဖွင့်အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သမိုင်းကြောင်းနှင့် လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက သင်တန်းသား၊ သင်တန်းသူများအားအမှာစကား ပြောကြားသည်။ ၎င်းသင်တန်းအား ကျိုင်းတုံမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်သင်ကြားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)