ကျိုင်းတု ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နမ့်ခင်ချောင်းရေ မြင့်တက်ခြင်း၊ လယ်ရေတား တမံများ ကျိုးပေါက်ခြင်း၊ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း သွား ကားလမ်းအနီး တွင် ၂ ပေခွဲခန့် ရေလွှမ်းမိုးဖြစ်ပေါ်ခြင်းနှင့် အမှတ်(၄)ရပ်ကွက်၊ ကန်နားပူ ရပ်ရှိ နေအိမ်များအတွင်း အနက် ၁ ပေခွဲခန့် ရေလွှမ်းမိုမှုများဖြစ်ပေါ်ခဲ့သည့်အတွက် အိမ်ခြေ ၁၀၀ ခန့် အားတာဝန်ရှိသူများ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


