ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမျိုးသမီးနှစ်ဦး  ထပ်မံတွေ့ရှိ

ကျိုင်းတုံ ဇူလိုင် ၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများအား ဇူလိုင် ၃ ရက် က ကျိုင်းတုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် RDT Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးရာ အမျိုးသမီး နှစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့တွင် ဇူလိုင် ၂ ရက်က မြို့နယ်လျှပ်စစ်ဝန်ထမ်း အိမ်ရာနေသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ ၎င်းနှင့်ထိတွေ့ ဆက်စပ်ခဲ့သည့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၃၂ ဦး၊ စုစုပေါင်း ၅၆ ဦး တို့အား ဇူလိုင်း ၃ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ RDT Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ရာ လျှပ်စစ်ဝန်ထမ်း အိမ်ရာနေသူ အမျိုးသမီး နှစ်ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံ၊ သီးသန့်ကုသဆောင်တွင် ဆေးကုသမှု ပေးလျက်ရှိပြီး ကျန် ၅၄ ဦးတို့အား RDT Test Kit ဖြင့် ဒုတိယအကြိမ် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ်တွင် ဇွန်  ၂၉ ရက်က  ကိုဗစ်-၁၉ အတည်ပြုလူနာ ငါးဦး၊ ဇူလိုင် ၂ ရက်က အတည်ပြုလူနာ  တစ်ဦးနှင့် ဇူလိုင်း ၃ ရက်တွင် အတည်ပြုလူနာ နှစ်ဦး ထပ်မံတွေ့ရှိခဲ့၍ စုစုပေါင်း အတည်ပြုလူနာ ရှိဦးရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)