ကျိုင်းတုံမြို့၌ ကျေးလက်ရေပေးဝေရေးအား Mobile Application စနစ်ဖြင့်  စီမံခန့်ခွဲခြင်း သင်တန်းဖွင့်လှစ်

ကျိုင်းတုံ ၅  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်နယ်ရုံးခွဲ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေပေးရေးအား Mobile Application စနစ်ဖြင့်  စီမံခန့်ခွဲခြင်း ဆင့်ပွားသင်တန်းကို အဆိုပါရုံး၌ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ရုံးခွဲ (ကျိုင်းတုံ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်က အမှာစကားပြောကြားရာ ယခုသင်တန်းသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၆ ခုအား အကျိုးပြုသွားမည်ဖြစ်ကြောင်းနှင့် MIS အသုံးပြုနည်းများဖြင့် လက်ရှိရေသုံးစွဲနေမှု အခြေအနေများကို သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

           

အဆိုပါသင်တန်းသို့ ပြည်နယ်ရုံးခွဲ၊ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းသား ဝန်ထမ်း ၃၀ ဦး တက်ရောက်ခဲ့ကြပြီး  တာဝန်ရှိသူများက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ရေပေးဝးရေးဆိုင်ရာ အချက်အလက်များအား Mobile စနစ်ဖြင့် RWSMIS Application အသုံးပြု၍ အချက်အလက်များ  စီမံခန့်ခွဲခြင်းနည်းပညာများကို နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ ပို့ချသင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။    

             

ရဲဝင်းထွန်း (ပြန်/ဆက်)