ကျိုင်းတုံမြို့ ဆေးရုံအုပ်ကြီး နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ  ပိုက်ဆံများ ခိုးယူသူကို ဖမ်းဆီးရမိ

ကျိုင်းတုံ  ၉  ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံအုပ်ကြီး၏ နေအိမ်အတွင်းသို့ ဇွန်လ ၂၀ ရက်က ဖောက်ထွင်းဝင်ရောက်ကာ ငွေကျပ် ၂၁ သိန်း ခိုးယူခဲ့သူကို  ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင်  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 အဆိုပါ ပြစ်မှုကျူးလွန်သူအား ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့၊ မှုခင်းနိမ်နင်းရေးဌာနစိတ် တာဝန်ခံ ရဲအုပ် သန်းထွန်းဦးစီးပြီး နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လင်းလင်းထွန်း နှင့် တပ်ဖွဲ့ဝင်များက ကျိုင်းတုံ မြို့နယ်၊ မိုင်းဇင်းအုပ်စု၊ နောင်နွန်းတိုးဂိတ်အလွန် ညောင်ပင် အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့်အတူ  မြန်မာငွေကျပ်(၄၂၂၀ဝ၀)ကျပ်နှင့် ခိုးယူရရှိသော ငွေများဖြင့် ဝယ်ယူထားသည်ဟု ယူဆရသော VIVO အမျိုးအစား အနီရောင်လက်ကိုင် ဖုန်း(၁)လုံး၊ Nokia အမျိုးအစား အနက်ရောင် ကီးပတ်ဖုန်း (၁)လုံး (အင်တာနာပါ)တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူမှာ ကျိုင်းတုံမြို့၊ အမှတ်(၄) ရပ်ကွက်၊ ကျိုင်းယင်းရပ်နေသူ စိုင်းလှ(ခ) စိုင်းယီလာ ကျပန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

 

mdn

 

ဆက်လက်၍ ပြစ်မှုကျူးလွန်သူ စိုင်းလှ(ခ)စိုင်းယီအား ကျိုင်းတုံမြို့မရဲစခန်းတွင်  ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)