ကျိုင်းတုံ၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄  စက်တင်ဘာ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီတွင်   ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ကော်အားကို(၃)ကျေးရွာနေ တားထူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ မမာရိ အား တွေ့ရှိရပြီး  စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊ 


အလားတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့၊ မန့်နားကောင်းရပ်ကွက်နေ မရှောမေ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ 


ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်ရှိ တာဝါတိုင်အနီးတွင် ရန်တင်ဖာ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၈ ပြားနှင့် လက်ကိုင် ဖုန်းတစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မန့်ဆာ-ခိုဝိန်း သွားကားလမ်းတွင် ကျန်ဇီဖင့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား