ကျိုင်းလပ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

ကျိုင်းလပ် ၂၈  ဇူလိုင်         

           

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုင်းလပ် မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ၃ အုပ်စုတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

           

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို (နိုင်ငံတော်ကိုယ်စား) တာချီလိတ် မြို့မိ၊ မြို့ဖ၊ လုပ်ငန်းရှင်များ၊ အလှူရှင်များက ကျိုင်းလပ်မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ၃ အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများဖြစ်သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၂၀၀၀၀ ဖြင့်၊ အိမ်ထောင်စု ၅၇၁ စု အတွက် စုစုပေါင်း ထောက်ပံငွေကျပ် ၁၁၄၂၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ဇေယျာလင်း (ပြန်/ဆက်)