ကိုလံဘီယာ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သန်းကျော် ရှိသွားကြောင်း ထုတ်ပြန်

၂၅ အောက်တိုဘာ

 

 

ကိုလံဘီယာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သန်းကျော်ရှိသွားကြောင်း ကျန်းမာရေး ဝန်ကြီးက ကြေညာလိုက်ပါတယ်။

 

 

၂၄ နာရီအတွင်း စနေနေ့တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၈,၇၆၉ ဦးရှိပြီးနောက် စုစုပေါင်း ပိုးတွေ့ရှိလူနာ ၁,၀၀၇,၇၁၁ ဦးရှိကြောင်း၊ နိုင်ငံမှာ ပိုးစတင်တွေ့ရှိတဲ့ မတ် ၆ ရက်နေ့ကနေ အောက်တိုဘာ ၂၄ ရက်နေ့ အတွင်းမှာ ပိုးကူးစက်ခံရသူ ၁ သန်းကျော် ရှိလာလို့ သိရပါတယ်။

 

 

လူဦးရေ သန်း ၅၀ နေထိုင်တဲ့ ကိုလံဘီယာနိုင်ငံမှာ ရောဂါပိုးကြောင့် သေဆုံးသူဟာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း သေဆုံးသူ ၁၉၈ ဦး အပါအဝင် ၃၀,၀၀၀ ရှိသွားပြီလို့ ဆိုပါတယ်။

 

 

ကိုလံဘီယာနိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့သူ တစ်သန်းအထက်ရှိ  အဋ္ဌမမြောက်နိုင်ငံ ဖြစ်လာပါတယ်။ 

 

 

အစဉ်လိုက်အားဖြင့် အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ အာဂျင်တီးနား၊ စပိန်နဲ့ ပြင်သစ်တို့ရဲ့ နောက်မှာ ကိုလံဘီယာ နိုင်ငံ ရှိနေတာကို တွေ့ရပါတယ်။

 

 

ကိုလံဘီယာ နိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် မတ် ၂၅ ရက်ကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာကန့်သတ်မှု lockdown လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံရဲ့ စီးပွားရေးအတွက် ကန့်သတ်မှုတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့လာခဲ့ပါတယ်။

 

 

စက်တင်ဘာ ၁ ရက်နေ့ကစပြီး တစ်ဦးတစ်ယောက်ချင်းစီကနေ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် မျက်နှာဖုံး ဝတ်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေ လိုက်နာပြီး လုပ်ငန်းတွေ ပြန်လည် လည်ပတ်နေတာကို တွေ့ရပါတယ်။

 

 

ကိုလံဘီယာနိုင်ငံရဲ့မြို့တော် ဘိုကိုတာမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၀၈,၆၄၅ ဦးရှိတဲ့အတွက် တစ်နိုင်ငံလုံးရဲ့ ပိုးတွေ့ဦးရေရဲ့ သုံးပုံတစ်ပုံ နီးပါးရှိနေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

MDN

ကိုးကား- AFP

a1