ကျိုက်ထို၌ လူတစ်ဦး ဓာတ်လိုက်သေဆုံး

ကျိုက်ထို ၁၈  သြဂုတ် 


ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ လူတစ်ဦးဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ ကျိုက်ထိုမြို့မရဲစခန်းမှ ခတ္တစခန်းမှူး ဒုရဲအုပ်ရတနာနန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။


ယင်းသို့စစ်ဆေးရာတွင် ယနေ့ ညနေ ၅ နာရီခန့်၌ သေဆုံးသူ မြင့်မြတ်အောင် (၁၆)နှစ်သည် မြောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဦးတင်အေး၏ ဆောက်လက်စ နေအိမ်၌ ဆေးသုတ်နေစဉ် အခန်းမှောင်နေ၍ လျှပ်စစ်မီးထွန်းထားသော ဝါယာကြိုးအား သွားကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း ဆေးအတူသုတ်နေသူ အောင်သူဟိန်း၏ပြောပြချက်အရ စိစစ်သိရှိရ၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် ကျိုက်ထိုမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ဖွင့်လှစ်၍ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)