ကျိုက်မရောတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

ကျိုက်မရော    ၈    မေ

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၁၉- ၂၀၂၀ ဘဏ္ဏာရေး နှစ်အတွင်း ကျေးရွာ ( ၂၂ )ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း (VDP) ရန်ပုံ ငွေကျပ် သိန်း(၁၀ဝ)စီဖြင့်  ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း စုစုပေါင်း (၂၂၀ဝ,ဝ၀ဝ၀ဝ) လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက   ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး  ဦးမင်းသန်းဇော်ထွန်းမှ ၄င်းစီမံကိန်းသည် စီမံကိန်းပံ့ပိုးငွေနှင့် ကျေးရွာလူထု ထည့်ဝင်ငွေပေါင်းစပ်ပြီး ကျေးရွာ၏အဓိက လိုအပ်ချက်များကို စီမံကိန်းရေးဆွဲ၍ ကျေးရွာလူထု ကိုယ်တိုင် မိမိတို့ကျေးရွာ၏ လိုအပ်တဲ့လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ထည့်သွင်းရေးဆွဲ အကောင်ထည်ဖော် ဆောင်ရွက်ကြရတာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ကျေးရွာများမှ ကိုယ်စားလှယ်မျာအား ဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိသူများက တစ်ဦးချင်းလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)