ကျိုက်မရော၌ သစ်တောပြုန်းတီးမှုကာကွယ်ရေးအတွက် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေ

ကျိုက်မရော ၂၅ ဖေဖောဝါရီ

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကဒါကျေးရွာအုပ်စု ကြံတောကျေးရွာတွင်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလည်းမှု ဗဟိုဌာန(CCC)တို့ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေးထင်းသုံးစွဲမှု လျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှတင်မောင်နှင့် ဝန်ထမ်းများက ကဒါကျေးရွာအုပ်စု ကြံတောကျေးရွာ အလကကျောင်းရှေ့၌ သွားရောက်ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် ကျေးရွာစိုက်ပျိုးရေးတာဝန်ခံများက မီးဖိုကိုင်တွယ်အသုံးပြုပုံများအား အသေးစိတ် ရှင်းလင်းပြသ ပေးခဲ့ကြသည်။

 

အဆိုပါ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးရေးစီမံကိန်းတွင် ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအုပ်စု(၆)အုပ်စုမှကျေးရွာ (၆)ရွာအား စွမ်းအားမြှင့်မီးဖို(၄၃၁)လုံးကို ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ဒုတိယအကြိမ် ထမ်မံဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးလှတင်မောင်ထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)

 

mdn