ကျိုက်မရောမြို့နယ်တွင် ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက်ထိုးနှံ ခြင်းလုပ်ငန်း အသိပေး တင်ပြခြင်း အခမ်းအနားကျင်းပ

ကျိုက်မရော   ၃၁   အောက်တိုဘာ    

 

မော်လမြိုင် ခရိုင် ကျိုက်မရောမြိနယ် အတွင်းဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း အသိပေးတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁နာရီက မြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည်။

 

၁

 

အခမ်းအနားတွင် ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ဝင်းဇော်က နိုင်ငံတစ်ဝန်း ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်းအတွက် ကြိုတင်အသိပေးခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျိုက်မရော မြို့နယ်အတွင်း ပိုလီယိုနှင့် ဝက်သက်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို လာမည့် နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ရပ်ကွက်နှင့် ကျေးရွာများရှိ စုရပ်များတွင် တစ်ပြိုင်တည်း ထိုးနှံပေးသွားမည်ဖြစ်ပြီး မွေးကင်းစမှစ၍ အသက် ၅ နှစ်ခွဲအရွယ် ကလေးငယ်များအား ဝက်သက် နှင့် ပိုလီယို ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်သောကြောင့် မိမိရပ်ကွက်ကျေးရွာ အတွင်းရှိ ကလေးသူငယ်များအား စာရင်းအတိအကျ ကောက်ပေးထားရန် လိုအပ်ပါကြောင်း ပြောကြား သည်။

 

ထို့အပြင် ဝက်သက်-ဂျိုက်သိုးရောဂါ၏ ဆိုးကျိုးများကိုလည်း ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကွင်းဆင်း အသိပညာပေး လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ လူမူရေး အဖွဲ့အစည်းများပူးပေါင်း၍ မွေးစမှငါးနှစ်ခွဲ ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုးလမှ ငါးနှစ်ခွဲ ကလေးငယ်များကို ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(  ကျိုက်မရော )