ကျိုက်မရောမြို့ ရေဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဆန်အိတ်(၁၀၀) လှူဒါန်း

ကျိုက်မရော     ဇူလိုင်      ၃၁


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန် ၆ ပြည်အိတ် (၁၀၀) ထောက်ပံပေးအပ်ခြင်းကို ဇူလိုင် ၃၀ ရက်က မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါ ဆန်အိတ်များအား ရေဘေးသင့်နေသည့် အနိမ့်ပိုင်းရပ်ကွက်များရှိ ပြည်သူများ၊ ရေဘေးရှောင် ယာယီစခန်းများတွင် နေထိုင်လျက်ရှိသည့် ရေဘေးသင့်သူများထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ထောက်ပံလှူဒါန်းပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)