ကျိုက်မ​ရောမြို့နယ်တွင် ​ဆောင်းသီးနှံ အ​​စေ့ထုတ်​ပြောင်း​များ အောင်မြင်ဖြစ်ထွန်း

ကျိုက်မ​ရော  ၂၆  ဇန်နဝါရီ

 

မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်တွင် ​ဆောင်းသီးနှံ အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ​ကြောင်း သိရသည်။

 

ကျိုက်မ​ရောမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ ဘိန်း​ဗျောကျေးရွာ၊ သု​တေသန စမ်းသပ်စိုက်ပျိုး​ရေးကွင်း၌ စိုက်ပျိုးထားသော အ​စေ့ထုတ်ပြောင်း စမ်းသပ်စိုက်ပျိုးနည်းကို ဒေသခံပြည်သူများ စိတ်ပါဝင်စားလာပြီး ကိုယ်တိုင်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း နေ့စားအလုပ်သမား အငှားလိုက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။


ကျိုက်မ​ရောမြို့နယ် ဘိန်း​ဗျောကွင်း၊ နတ်စမ်းကွင်းများတွင် ဆောင်းသီးနှံများဖြစ်သည့် ​မြေပဲ၊ ပဲမျိုးစုံ၊ ခရမ်းသီး၊ ငရုတ်ကြက်သွန်မိတ်၊ ပန်း​ဂေါ်ပီနှင့်​ ပြောင်းများကို အဓိကထားစိုက်ပျိုး​ကြကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မ​ရော)