ကျိုက်လတ်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျိုက်လတ် ဇန်နဝါရီ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ရောဂါကူးက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် စန္ဒမုနိဘုရားဝင်းတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်‌ဆေးနှင့် ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျိုက်လတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ခနောင်ကျေးရွာအုပ်စု၊ တဲ့တဲ့ကူး‌ကျေးရွာအုပ်စု၊ ကိုင်းချောင်းကျေးရွာအုပ်စုတို့မှ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၁၁၄)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် အသက် (၁၈)နှစ်အထက် ပြည်သူ(၁၇၆ )ဦးအား ပထမအကြိမ်ကာကွယ်‌များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေး လာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)