ကျိုက်ဒုံ၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

တီဘီရောဂါဆိုင်ရာ နယ်လှည့်တီဘီရောဂါ ရှာဖွေကုသခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် ဘားအံမြို့မှ တီဘီအဖွဲ့ခေါင်းဆောင် ဒေါက်တာစောတာဒိုထူး (MAM Medical Action Myanmar)၊ ဆေးပညာစီမံချက် အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဟိန်းထက်ကျော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ ကျိုက်ဒုံမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦး၊ ကျေးလက်ကျန်းမာရေး ဦးစီးမှူးနှင့် အဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များက ဝိုင်းဝန်း၍ တီဘီရောဂါရှာဖွေခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ နယ်လှည့် တီဘီရောဂါ ရှာဖွေကုသခြင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်က ကျိုက်ဒုံမြို့ ကွီးခလယ်၊ အဇင်း၊ မိနန်းအပ် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)