ကိုဗစ်ရောဂါကာကွယ်ရေးအတွက် mask များ အခမဲ့ပေးဝေ

မြင်းမူ ၆ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့တွင် ယနေ့နံနက်ပိုင်းက အလှူရှင်မိသားစုများက ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက်အသုံးပြုရန် နှာခေါင်းစည်း(mask)များကို ဆရာ ဆရာမများနှင့်အတူ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

 

နှာခေါင်းစည်း(mask)များကို မြို့လယ်လမ်းမကြီးပေါ်သွားလာလျက်ရှိပြီး နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသော  ပြည်သူများအား mask များ တပ်ဆင်ရန်အသိပေးခြင်း၊ နှာခေါင်းစည်း (mask)များ တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ်အဖြစ် mask အခုရေ ၂၀ဝဝ ကို ဧပြီလ ၂၉ ရက်နေ့က ပေးဝေခဲ့ပြီးဖြစ်ကာ ယခုဒုတိယအကြိမ်အဖြစ် mask (၂၅၀ဝ) ကို ပေးဝေပေးခြင်းဖြစ်ကြောင်း (ACE) ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး/နေပြည်တော်)  တည်ထောင်သူ ဆရာမကြီး ဒေါ်နှင်းနှင်းမော်ထံမှ သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)

 

mdn