ကိုဗစ်ကာလအတွင်း ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းကျော်လွန်ခြင်းများကို ဖြေလျှော့ပေးမည်

ရန်ကုန်  ၅ နိုဝင်ဘာ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကညနမှ လုပ်ငန်းများ ရပ်နားထားမှုကြောင့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းကျော်လွန်ခြင်းများကို စိစစ်ဖြေလျှော့မှုများ ပြုလုပ်ပေး မည်ဖြစ်ကြောင်း  ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ  သိရသည်။

 

ကနဦးမှတ်ပုံတင်ခြင်း၊ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် ကိစ္စရပ်များကို လုပ်ငန်းရပ်နားထားသည့်ကာလများတွင်  ဖြေလျှော့မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မော်တော်ယာဉ်များအနေဖြင့် သက်တမ်းတိုးမဆောင်ရွက်နိုင်မှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်မှုများပြုလုပ်ထားကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်  တစ်နိုင်ငံလုံးရှိ ကညနလုပ်ငန်းများအားလုံးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတတိယပတ်မှ စတင်ရပ်နားထားသည် ကညနလုပ်ငန်းများမှာ လူစုလူဝေးဖြင့် ပြုလုပ်ရပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်သည့်အချိန်မှသာ  ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အများပြည်သူကို ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း  သိရသည်။

အောင်သူရ