ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံ

မိုင်းရယ်၊  ၁၄  ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်း(၄၁)ဦး၊ အခြားဌာနဆိုင်ရာမှဝန်ထမ်းများနှင့် မိသားစုဝင် (၉)ဦး တို့ကို ယနေ့နံနက်ပိုင်းက မိုင်းရယ်မြို့ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသည်။

 

ရှေးဦးစွာ ကိုဗစ်ကာကွယ်ဆေးမထိုးမီ ဆေးစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါ ရှိ၊ မရှိကို  မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများမှ  စစ်ဆေးခြင်းများ ပြုလုပ်၍ ဆေးထိုးရန်သင့်လျော်သူများအား ကာကွယ်ဆေးထိုးနှံပေးသည်။

 

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုးအောင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

မြို့နယ် ပြန်/ဆက်

mdn