ကိုဗစ်၁၉ အတွက် ကာကွယ်ဆေးရလျှင် နိုင်ငံတကာသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သမ္မတထရမ့်ပြောကြား

mdn

ဝါရှင်တန် ၃၀ ဇူလိုင်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ကိုဗစ်၁၉ အတွက် ကာကွယ်ဆေးကို လာမည့် ၂၀၂၁ ခုနှစ် အစောပိုင်းလောက်တွင် ရရှိနိုင်မည်ဟု မျှော်မှန်းထားပြီး ကာကွယ်ဆေးအဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် အခြားနိုင်ငံများသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သမ္မတ ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက် ကြောင်း သိရသည်။

 

မိမိတို့လက်ထဲတွင် ကာကွယ်ဆေးရောက်လာသည် နှင့်တစ်ပြိုင်နက် ယင်းကာကွယ်ဆေးကို နိုင်ငံတကာသို့ ဖြန့်ဝေပေးမည်ဖြစ်ပြီး ဂရုတစိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတထရမ့်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

ကာကွယ်ဆေးတစ်နိုင်ငံလုံးအနှံ့သို့ အမြန်ဆုံး ရောက်ရှိစေမည်ဖြစ်ပြီး လက်ရှိတွင် အသက်ရှူ အထောက် အကူပြု ကိရိယာများနှင့် အခြားလိုအပ်သည့်ပစ္စည်း ကိရိယာများကို ကမ္ဘာအနှံ့ ပို့ဆောင်ပေးနေသကဲ့ သို့ပင် ကာကွယ်ဆေးအများအပြားကို ကမ္ဘာ တစ်ဝန်းသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

 

ဇီဝနည်းပညာကုမ္ပဏီဖြစ်သည့် မော်ဒန်နာမှ ဖော်စပ်ထုတ်လုပ်လိုက်သည့် ကိုဗစ် - ၁၉ ကာကွယ် မဆေးကို အမေရိကန်ဆေးပညာရှင်များက စမ်းသပ်မှုအဆင့်ဆင့်ပြုလုပ်ခဲ့ရာ တတိယအဆင့် စမ်းသပ်မှုစတင် -နေပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးအင်စတီကျုက ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

 

တတိယအဆင့် စမ်းသပ်မှုကို အမေရိကန် ပြည်ထောင်စုရှိ ဆေးဝါးသုတေသနဌာနများစွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ခံရခြင်း မရှိသည့် စေတနာရှင် ၃၀၀၀၀ ခန့် ပူးပေါင်းပါဝင်မည်ဖြစ် ကြောင်း သိရသည်။

 

အေအက်ဖ်ပီ