ကိုဗစ် -၁၉ ရောဂါပိုးရှိသူ  ငါးဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၇၄ ဦးရှိပြီ

နေပြည်တော် ၁၄ ဩဂုတ် 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ငါးဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၇၄ ဦးရှိပြီဖြစ်ကြောင်း၊   ပိုးတွေ့ရှိသူငါးဦးမှာ အမေရိကန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦး၊ ယူအေအီးနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ တစ်ဦးနှင့် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ သုံးဦးဖြစ်ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ ၃၇၄ ဦးအနက် သေဆုံးသူ ၆ ဦး၊  ပိုးမတွေ့ရှိတော့သူ ၃၂၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၁၄ ဦးနှင့် ဩဂုတ် ၁၃ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၁၄ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၀ ရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။  

သတင်းစဉ်