ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒွါရာ၀တီမြို့မစျေး ယာယီ ပိတ်သိမ်းထား

သံတွဲ      ၁၃    ဇူလိုင်     

သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားလျက်ရှိရာ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ဒွါရာဝတီမြို့မစျေးအား ဇူလိုင် ၁၃ ရက်နေ့နံနက်ပိုင်းမှစ၍ ယာယီပိတ်သိမ်း ထားကြောင်း သိရသည်။

ထိုသို့ပိတ်သိမ်းခြင်းကို ဇူလိုင် ၁၂ ရက်တွင် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြုလုပ်သော အရေးပေါ် ညှိနှိုင်းအစည်းအဝေးအရ ဒေသတွင်းဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရန်အတွက် ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် အသားငါးနှင့် ဟင်းသီးဟင်းရွက်ကုန်များ ကို ဒွါရာဝတီ တံတားဦး ပျံကျစျေး၌ နံနက်အချိန်ထိ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသိရှိရန် ကြေညာထားကြောင်းလည်း သိရသည်။

သံတွဲမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သား၊ ငါးစျေးနှင့် ဟင်းသီးဟင်းရွက်စျေးကို ယခင်နှစ်ကလည်း ဒွါရာဝတီတံတားဦးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိ ရသည်။

ခရိုင် ပြန်/ဆက်