ကိုဗစ်-၁၉ ရောဂါကူးစက်မှုသာမက မျောက်ကျောက်ရောဂါပါ ထိပ်ဆုံးမှာဗိုလ်စွဲနေတဲ့ အမေရိကန်

ကောင်းထက် - ရေးသားသည်

နေ့စဉ်နဲ့အမျှ ကိုဗစ်- ၁၉ ရောဂါကူးစက်မှုတွေနဲ့ မျောက်ကျောက်ရောဂါကူးစက်မှုတွေကို နည်းနည်းတစ်ဖုံ များများတစ်လှည့် အလူးအလဲခံနေရတဲ့ နိုင်ငံတွေအနက် အမေရိကန်နိုင်ငံဟာ အဆိုးရွားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရှိနေပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဩဂုတ် ၂၄ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကိုကြည့်ရင် စုစုပေါင်း ၉၅၅၃၇၉၉၄ ဦးအထိရှိပြီး ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံစာရင်းရဲ့ ထိပ်ဆုံးမှာ ငွားငွားစွင့်စွင့် ရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုစာရင်းကို ကြည့်မယ်ဆိုရင်လည်း အမေရိကန်နိုင်ငံဟာ သေဆုံးသူ  စုစုပေါင်း ၁၀၆၆၄၁၆ ဦးအထိ ရှိတာကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ ထိပ်ဆုံးမှာ ရှိနေပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု 
သန်း ၂၀ ကျော်လာတဲ့နိုင်ငံ ရှစ်နိုင်ငံအထိရှိ 

ကမ္ဘာပေါ်မှာ လက်ရှိအချိန်အထိ    ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု  သန်း ၂၀ ကျော်လာတဲ့နိုင်ငံ ရှစ်နိုင်ငံ အထိရှိပြီး ထိပ်ဆုံးမှာ  အမေရိကန်နိုင်ငံက ကူးစက်ခံရမှုအများဆုံးနဲ့ ရပ်တည်နေပြီး ယင်းနောက် မှာ အိန္ဒိယ၊ ပြင်သစ်၊ ဘရာဇီး၊ ဂျာမနီ၊ ဗြိတိန်၊ တောင်ကိုရီးယားနဲ့ အီတလီနိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ဒါ့အပြင်  ဩဂုတ် ၂၄ ရက် အထိ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက် ခံရသူ   စုစုပေါင်း ၅၀၁၅၁၉ ဦးကျော်အထိရှိပြီး ထပ်မံသေဆုံးသူ       အရေအတွက်မှာဆိုရင်လည်း ၁၀၄၀ ကျော်အထိ ရှိနေပါတယ်။ 

လူဦးရေရဲ့ ၇၈ ဒသမ ၂ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံထား

အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၇၈ ဒသမ ၂ ရာခိုင် နှုန်းဖြစ်တဲ့ ၂၆၂ သန်းဟာ     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်  ထိုးနှံထားပြီး ဖြစ်ကြောင်းနဲ့ ၂၂၄ သန်းထက်မနည်းသော လူဦးရေ ဟာ ကာကွယ်ဆေးအပြည့်ထိုးနှံထားတယ်လို့ သိရ ပါတယ်။ ဒါ့အပြင် ပြည်သူ ၁၀၈ သန်းအနေနဲ့   အပို ဆောင်းကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ကြောင်း မှတ်တမ်းအချက်အလက်တွေက     ဆိုပါတယ်။ ဆိုရလျှင်  အမေရိကန်နိုင်ငံတစ်ဝန်း    ကိုဗစ်-၁၉ ကာကွယ်ဆေးကို အလုံးရေ ၆၀၈ သန်းကျော်ထိုးနှံ ထားပြီးဖြစ်ကြောင်းနဲ့ လူ ၁၀၀ မှာ  ဆေးအလုံးရေ ၁၈၁ လုံး ထိုးနှံထား ပြီးဖြစ်တယ်လို့ သိရပါတယ်။ 

တစ်ပူပေါ် နှစ်ပူဆင့်တဲ့အခြေအနေနဲ့ ကြုံတွေ့

ဒါပေမယ့်  အမေရိကန်နိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ထိုးနှံထားမှုတွေအများ အပြား ပြုလုပ်ထားတာကြောင့်   ကိုဗစ်-၁၉ ရောဂါ အတွက် အနည်းငယ်   ရတက်အေးရဖွယ်ရှိသော် လည်း နိုင်ငံတစ်ဝန်း မျောက်ကျောက်ရောဂါကူးစက် ပျံ့နှံ့မှုက   စိုးရိမ်ဖွယ်ရာအနေအထား    ရှိလာတဲ့ အတွက်     တစ်ပူပေါ်နှစ်ပူဆင့်တဲ့    အခြေအနေနဲ့ ကြုံတွေ့နေပြန်ပါတယ်။ 

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်ခံရသူ ၄၅၀၆၁ ဦးရှိလာ

မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်စေနိုင်တဲ့ တိရစ္ဆာန် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေတယ်လို့   ဆိုပါတယ်။ ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ် ၂၄ ရက်အထိ  ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုအနေနဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၀၁ ခုမှ     အတည်ပြုကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၄၅၀၆၁ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးသူအရေအတွက်လည်း တစ်နေ့တခြား များပြားလာပြီး အခုဆိုရင် ၁၁၆ ဦး အထိ ရှိလာပြီ ဖြစ်ပါတယ်။ 

မျောက်ကျောက်ရောဂါကြောင့်       သေဆုံးသူ အများဆုံးစာရင်းမှာတော့ ကွန်ဂိုနိုင်ငံက ၉၆ ဦးနဲ့ ထိပ်ဆုံးမှာရှိနေပြီး   ယင်းနောက်မှာ    နိုင်ဂျီးရီးယား နိုင်ငံက လေးဦး၊ ကင်မရွန်း၊    ဗဟိုအာဖရိက၊ စပိန် စတဲ့ နိုင်ငံတွေမှာ နှစ်ဦးစီ သေဆုံးခဲ့တယ်လို့ သိရပါ တယ်။ အာဖရိကပြင်ပမှာ ပထမဆုံးမျောက်ကျောက် ရောဂါကူးစက်ခံရမှု တွေ့ရှိတဲ့နိုင်ငံက  ဗြိတိန်နိုင်ငံဖြစ် ပြီး မေလ ၆ ရက်မှာ   စတင်တွေ့ရှိခဲ့တယ်လို့ နိုင်ငံ တကာသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က   ဇူလိုင် ၂၃ ရက်မှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို    နိုင်ငံတကာ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေ အနေအဖြစ် ထုတ်ပြန်ကြေညာထားတာ    ဖြစ်ပါ တယ်။   မျောက်ကျောက်ရောဂါ   ကူးစက်ခံရတဲ့ လူအများစုဟာ  ရက်သတ္တနှစ်ပတ်မှ    လေးပတ် အတွင်း     ပြန်လည်ကောင်းမွန်လာကြတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ဆိုပါတယ်။ မျောက်ကျောက်ရောဂါဟာ ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်းတွေ  အပါ အဝင် ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် လူမှလူကို ကူးစက်နိုင်တဲ့   ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မျောက်ကျောက်ရောဂါကူးစက်ခံရမှု အမေရိကန်နိုင်ငံက အများဆုံးဖြစ်
လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံကိုကြည့်ရင်    အမေရိကန် နိုင်ငံကိုတွေ့ရမှာ  ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရမှုမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ထိပ်ဆုံးမှာရှိနေသလို   မျောက်ကျောက်ရောဂါကူးစက်ခံရမှုကိုကြည့်ရင်လည်း ၁၅၈၃၁ ဦးနဲ့  ထိပ်ဆုံး မှာ ဗိုလ်စွဲနေပါတယ်။ ယင်းနောက်မှာတော့ စပိန် နိုင်ငံက ၆၃၂၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ဘရာဇီးနိုင်ငံ က ၃၉၈၄ ဦး၊  ဂျာမနီနိုင်ငံက ၃၃၅၀ ၊     ဗြိတိန်နိုင်ငံက ၃၂၀၇ ဦး၊    ပြင်သစ်နိုင်ငံက ၂၈၈၅ ဦး၊ ကနေဒါနိုင်ငံက ၁၁၉၈ ဦး၊ နယ်သာလန်နိုင်ငံက ၁၀၈၇ ဦး၊  ပီရူးနိုင်ငံ  က ၁၂၀၇ ဦးရှိပါတယ်။        အမေရိကန်နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက် ခံရမှု      အများဆုံး ဖြစ်နေပေမယ့်လည်း     လက်ရှိ အချိန်အထိ   အဲဒီရောဂါကြောင့် သေဆုံးသူ မရှိသေး ပါဘူး။ 

မျောက်ကျောက်ရောဂါကြောင့် 
သေဆုံးသူ ၁၁၆ ဦးအထိ ရှိလာ

ဒါ့အပြင် ကမ္ဘာတစ်ဝန်း   မျောက်ကျောက်ရောဂါကူးစက်ခံရကြောင်း   သံသယရှိသူအရေအတွက် ဟာ ဩဂုတ် ၂၄ ရက်အထိ ၇၆၅၅ ဦးရှိတယ်လို့ အချက်အလက်တွေအရ  သိရပါတယ်။  အဲ့ဒါကြောင့် မျောက်ကျောက်  ရောဂါအတည်ပြုကူးစက်ခံရသူအရေအတွက်ဟာ ထပ်မံမြင့်တက်လာနိုင်ဖွယ် ရှိပါ တယ်။     ယခုလအစောပိုင်းမှာ    ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါကြောင့်    သေဆုံးသူအရေ အတွက်ဟာ ၁၁ ဦးသာ ရှိခဲ့ရာမှ လက်ရှိမှာ သေဆုံး သူ စုစုပေါင်း ၁၁၄ ဦးအထိ ရှိလာတဲ့အတွက် မည်သို့ ပင်     ကာကွယ်ဆေးအထပ်ထပ်  ထပ်ဆောင်း ကာကွယ်ဆေး အလီလီထိုးနှံထားစေကာမူ    ရောဂါ ကူးစက်ခံရသူအရေအတွက်     မြင့်တက်လေလေ သေဆုံးသူအရေအတွက်လည်း   မြင့်တက်လေလေ ဖြစ်ပါတယ်။ 
ရောဂါကူးစက်ခံရမှုဒဏ်ကို ခံစားရတာခြင်းက ကမ္ဘာ့နေရာဒေသအလိုက်   ကွဲပြားခြားနားလျက် ရှိပါတယ်။   တချို့ဒေသတွေမှာ  ရောဂါကူးစက်မှု နည်းပြီး သေဆုံးမှုနှုန်း များနေနိုင်သလို တချို့ဒေသ တွေမှာကျတော့ ‌ရောဂါကူးစက်ခံမှုများပြီး သေဆုံးမှု နှုန်း   နည်းနေနိုင်ပါတယ်။   အမေရိကန်လို အစစ အရာရာထိပ်တန်းမှာ ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံလျှင်ပင် ရောဂါကူးစက်ပျံ့နှံ့မှုရဲ့ဒဏ်ကို ခါးစည်းခံစားကြရတဲ့ အခါ  ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအနေနဲ့ ရောဂါကူးစက် ပျံ့နှံ့မှုနဲ့အညီ   လိုအပ်တဲ့ပြင်ဆင်မှုတွေ  အကောင် အထည်ဖော်ဖို့   နည်းပညာအင်အား၊   ဘဏ္ဍာရေး အင်အား လုံလုံလောက်လောက် မရှိတဲ့အခါ ဆိုးကျိုး တွေကို ပိုမိုခံစားရဖွယ်ရှိပါကြောင်း။      ။ 

ကိုးကား - ဆင်ဟွာ