ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသားများ၏ မျိုးပွားဟော်မုန်းကို ထိခိုက်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

၃၀ ဇန်နဝါရီ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်တဲ့ မျိုးဆက်ပြန့်ပွားမှုကို ထိခိုက်နိုင်ကြောင်း သက်သေအချက်အလက်ပေါ် အခြေခံတဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။

 

ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၂  ဒသမ ၂ သန်းကို သေဆုံးစေခဲ့တဲ့ ဗိုင်းရပ်စ်ပိုးဟာ သုတ်ကောင်ဆဲလ်တွေကို သေစေခြင်း၊ ယောင်ရမ်းခြင်း စတဲ့အကြောင်းအရာတွေကို ဖြစ်ပေါ်နိုင်ကြောင်း သောကြာနေ့ထုတ် Reproduction ဂျာနယ်မှာ ရေးသားထားပါတယ်။

 

လူပေါင်း သန်း ၁၀၀ ကျော်ကို ကူးစက်ထားပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အသက်ရှူလမ်းကြောင်းကနေ ဝင်ရောက်လာပြီး အဆုတ်၊ အသည်း၊ အူသိမ်အူမတွေ နဲ့ နှလုံးကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။

 

mdn

 

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးဟာ အမျိုးသားမျိုးပွားအင်္ဂါကို ထိခိုက်ခြင်း၊ သုတ်ကောင်ဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ မျိုးပွားနိုင်တဲ့ ဟော်မုန်းတွေကို ထိခိုက်မှုဖြစ်နိုင်ကြောင်း ကနဦးတွေ့ရှိချက်အရ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိဖူးသူ အမျိုးသား ၈၄ ဦးနဲ့ ကျန်းမာတဲ့ အမျိုးသား ၁၀၅ ဦးတို့ ရဲ့ အချက်အလက်တွေ အခြေခံပြီး သုတေသနပြုလုပ်ထားတာဖြစ်ပါတယ်။

 

သုတေသနမှာ မပါဝင်တဲ့ ပညာရှင်တွေက တွေ့ရှိချက်ကို ကြိုဆိုပေမယ့် ကောက်ချက်မချခင်မှာ လေ့လာမှုတွေ တိုးပြီး လုပ်ရန် လိုအပ်တယ်လို့ ပြောဆိုပါတယ်။

 

ဗြိတိန်နိုင်ငံအခြေစိုက် CARE Fertility အဖွဲ့ရဲ့ သန္ဓေသားလေ့လာရေး ပညာရှင် အယ်လီဆင် ကမ်ဘဲလ်က  အမျိုးသားတွေအနေနဲ့ အရမ်းစိုးရိမ်နေစရာလို မလိုကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးက ရေရှည်အတွက် အကျိုးသက်ရောက်မယ်ဆိုတဲ့ အချက်အလက်ကို မတွေ့ကြောင်း ပြောပါတယ်။

MDN

ကိုးကား - AFP