ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သည့် စေတနာ့ ဝန်ထမ်းများအား နိုင်ငံတော်မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

သရက်ချောင်း   ၂၈  ဇူလိုင် 

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအား နိုင်ငံတော်မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က စေတနာရှင်များနှင့်ပရဟိတ အဖွဲ့ဝင်များအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြရာ အသင်းအဖွဲ့များက လက်ခံရယူခဲ့ကြသည်။

 

အဆိုပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ်အတွင်းရှိ အသင်းအဖွဲ့(၂၁)ဖွဲ့နှင့် လူပုဂ္ဂိုလ် (၆၆၁)ဦးအား ပထမအကြိမ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)