ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (ဆဋ္ဌမပတ်အစီအစဉ်)

နေပြည်တော် ၁  နိုဝင်ဘာ

ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (ဆဋ္ဌမပတ်အစီအစဉ်) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက် သွားမည်ဖြစ်သည်။

 

အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအား ဖြည့်ဆောင်ရွက်နိုင် ရေးအဖွဲ့ဝင် ကျန်းမာ ရေးပညာရှင်ကြီးများ နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေး ပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင် မှတစ်ဆင့် ပြန်လည်ဖြေကြားပေးမည် ဖြစ်သည်။

 

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

- ၎င်းပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

- [email protected] အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေး မြန်း နိုင်ကြောင်း သိရသည်။

 

ထိုသို့မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကို ဖြေကြားမည့်နေ့မတိုင်မီ အနည်းဆုံး  (၁) ရက် ကြိုတင်၍နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပါသည်။

 

အစီအစဉ်အား အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့များတွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

 

• Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့်  ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmarနှင့် Health Literacy Promotion Unit Facebook စာမျက်နှာ များမှတစ်ဆင့်ဝင်ရောက်ဖြေကြားပေးမည်ဖြစ်ကြောင်း သိရသည်။

#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန