ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (၁၂ ပတ်မြောက် အစီအစဉ်)

နေပြည်တော်၊ ၁၃ ဒီဇင်ဘာ

 

ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (၁၂ ပတ်မြောက် အစီအစဉ်)

ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းတင်ဆက် သွားမည်ဖြစ်သည်။

 

အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအား ဖြည့်ဆောင်ရွက်နိုင် ရေးအဖွဲ့ဝင် ကျန်းမာ ရေးပညာရှင်ကြီးများ နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာ ရေးပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗီမှန်သားပြင် မှတစ်ဆင့် ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဖေ့စ်ဘုတ် စာမျက်နှာမှ သိရှိရသည်။

 

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

 

- ၎င်းပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

 

- [email protected] အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေးမြန်းနိုင်ကြောင်း၊

 

မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကိုဖြေကြားမည့်နေ့မတိုင်မီ အနည်းဆုံး () ရက် ကြိုတင်၍ နေ့လယ်() နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုကြောင်း ပါရှိသည်။

 

ယင်းအစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့တွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမည်လည်းဖြစ်သည်။

 

Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန eHealth Unit နှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmarနှင့် Health Literacy Promotion Unit Facebook စာမျက်နှာ များမှတစ်ဆင့် ဝင်ရောက်ဖြေကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန