ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဇမ္ဗူသီရိမြို့နယ် ၌ ကျင်းပ

 

နေပြည်တော်   ဇွန်       ၂၉

 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၉ ရက် နံနက် ၁၀ နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ  ရောင်းချခြင်း ရှိ၊ မရှိ စိစစ် ဆောင်ရွက်ကြရန် ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသည်။

 

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သပြေကုန်းဈေး၌ ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းနှင့် Mask တပ်ဆင်လာခြင်းမရှိသော ဈေးဝယ်လာပြည်သူများအား Mask များအခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရေများ ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn