ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်ရေး စတေကာ Campaign မြင်းခြံ၌ ပြုလုပ်

မြင်းခြံ   ၄   မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ဝင် မြို့ထွက် ဂိတ်တစ်ခုဖြစ်တဲ့ မြင်းခြံ-မြို့သာ-မန္တလေး စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ Mask တပ်ဆင်ရေး စတစ်ကာ Campaign ကို မေလ ၄ ရက် နံနက် ၉ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး အသိပညာပေးစတေကာကို ကားများ၊ ဆိုင်ကယ်များတွင် ကပ်ပေးခဲ့ပြီး ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စေခြင်း၊ ခရီး သွားမှတ်တမ်းများကို စနစ်တကျ မှတ်တမ်းယူခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။  Mask တပ်ဆင်ရေး စတစ်ကာ Campaign သို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြင်းခြံ-မြို့သာ-မန္တလေးဂိတ်တွင် ကျန်းမာရေးစစ်ဆေး ခြင်းများ ပြုလုပ်ပေးလျက်ရှိသော ပရဟိတအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

 

မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်မှ ထုတ်ပြန်သော အမိန့်ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးအစိုးရမှထုတ်ပြန်သော ညွှန်ကြားချက်များကို လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

 

ကိုကျော်စွာ(IPRD)