ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

သာယာဝတီ ၂၄ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၄ နာရီက သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ သာယာဝတီခရိုင်/မြို့နယ် တာဝန်ရှိသူများက သာယာဝတီခရိုင်၏ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကြုံတွေ့နေရသော အခက်အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများအား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့မှ သိလိုသည်များအား မေးမြန်းခြင်း၊ လိုအပ်သည်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် သာယာဝတီအကျဉ်းထောင်အတွက် လိုအပ်သော ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့် ငွေကျပ် (၁၀)သိန်း၊ သာယာဝတီမြို့နယ်အတွက် ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့် ငွေကျပ် (၅)သိန်းတို့အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သန့်ဇော်(ပြန်/ဆက်)

 

mdn